ရွှေသောင်ယံ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အ-ထ-က-ရွှေ-ရွှေသောင်ယံစာသင်ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်(၁၀)နာရီက လိုက်လံဖြန့်ဝေပေး ခဲ့ကြသည်။
လက်ကမ်းစာစောင်တွင် "ပြည်တွင်းစည်းလုံး ညီညွတ်မှုသာလျှင်အဓိကအကျ ဆုံးဖြစ်" ခေါင်းစဉ်ဖြင့် ဆောင်းပါး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ကာတွန်း၊"အမျိုးသားညီညွတ်ရေး"ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀-၁-၁၉၄၆ အလယ်ပစ္စယံ ညီလာခံ၌ပြောကြားသော မိန့်ခွန်းမှကောက်နှုတ်ချက်၊" မြန်မာနိုင်ငံသား တို့၏ မွေးရာပါတာဝန်" ခေါင်းစဉ်ဖြင့်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့ ထုတ်မြန်မာ့အလင်း သတင်းစာမှကောက်နှုတ်ချက်၊ မြင်းမူမောင်နိုင်မိုး၏ "လွတ်လပ်ရေးဆိုသည်မှာ" ကဗျာ၊ "ရှေ့သို့လှမ်းချီပန်းတိုင်ဆီ" ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၃ရက်နေ့(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက်စသည်ဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် စုံစုံလင်ဖေါ်ပြထားကြောင်းသိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)