ပန်းတနော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပန်းတနော် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ယနေ့နံနက် (၉) နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဦးတည်ချက်များ၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်ဆိုသည့်ဆောင်းပါး၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပေးပို့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ လွတ်လပ်ရေးနေ့သရုပ်ဖော်ပုံ စသည့်အကြောင်းအရာများပါဝင်ပြီး ပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် အထင်ကရနေ့ထူးနေ့မြတ်တို့ကို မမေ့လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး၊ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)