ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး‌ဦးစီးဌာန Community Centre အတွင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

ငပုတော ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေနံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦး‌ဒေါ်နုနုရီက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့အကြောင်းကို အနာဂါတ်မျိုးဆက်သစ် လူငယ်လူရွယ်များသိရှိကြပြီး လွတ်လပ်ရေးကို ထိန်းသိမ်းလိုစိတ်များ ရှင်သန်လာစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ် ရေး ကြိုးပမ်းမှုများ၊ (၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက် (၅) ရပ်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)