ဝိုင်းမော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်များပြသ

ဝိုင်းမော် ဇန်နဝါရီ ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းအဆင့် "လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့"၊ ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးလာ‌ ရောက်ယှဥ်ပြိုင်ကြ‌ ကျောင်းသူ‌ ကျောင်းသားများက ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာမှတ်သားကြည့်ရှုကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဝိုင်းမော်မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

အဆိုပါပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခိုင်သက်မွန် ကဆုများအသီးသီးချီးမြှင့်‌ပေးခဲ့သည်။

ဖြူစင်