ပင်းတယ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အသက် (၂) လမှ (၂) နှစ်အောက်ကလေးငယ်များကို ယနေ့နံနက် ၉ နာရီမှစ၍ အော်ရောရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနတွင် ကလေးကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရာတွင် အသက် (၂) လ အရွယ်ကလေးများကို ဘီဂျီစီ၊ ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၄) လအရွယ် ကလေးငယ်များကို ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ပိုလီယိုထိုးဆေး၊ ငါးမျိုးစပ်၊ (၆) လ ကလေးများကို ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၉) လအရွယ်ကလေးများကို ဝက်သက်- ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်၊ (၁) နှစ်ခွဲ အရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)