ဘုတ်ပြင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြသည့် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လယ်/ပညာ/ရဲ/ပြန်ကြားအသင်းနှင့် ကျန်းမာရေးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုနှင့် ရပ်ကွက်/ကျေးရွာ ပေါင်းစုံဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဘင်ဘင်အသင်းနှင့် ရွှေဘုံသာရပ်ကွက် (က)အသင်းတို့ ဗိုလ်လုပွဲပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ ပွဲအပြီးတွင် ရွှေဘုံသာ(က)အသင်းနှင့် လယ်/ပညာ/ရဲ/ပြန်ကြား အသင်းတို့ အသီးသီးဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသည့် အားကစားသမား ကျော်ညွှန်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းကလည်ကောင်း၊ ဒုတိယဆုရရှိသည့် ကျန်းမာရေးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှကြိုင်ကလည်းကောင်း၊ ပထမဆုရရှိသည့် လယ်/ပညာ/ရဲ/ပြန်ကြား အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဝင်းတို့က ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာ ပေါင်းစုံဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်း ဆုံးအားကစားသများဆုရရှိသည့် အားကစားသမား ဝိုင်းချစ်အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘင်ဘင်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်သင်းကလည်းကောင်း၊ ပထမဆုရရှိသည့် ရွှေဘုံသာ(က)အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)