နတ်မောက် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းရာသီသီးနှံစိုက်ခင်းများတွင် ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေးအတွက် စူပါဘိုကာရှီ မြေဆွေးများအား နတ်မောက်မြို့နယ်ဘက်စုံ အဆင့်မြင့်နည်းပညာ သုံးကျေးရွာအုပ်စုဖြစ်သည့် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာရှိ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါ စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းဖြင့် တောင်သူများ သဘာဝမြေဩဇာ တိုးချဲ့အသုံးပြုလာစေရန်၊ မြေဩဇာဘိုးကုန်ကျမှု သက်သာစေရန်၊ တောင်သူများလက်တွေ့လိုက်ပါ ပြုလုပ်လာစေရန် ယခုလို တောင်သူအသိပညာပေး ပြုလုပ်ပြသရတာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မူမူစန်း