ကြံခင်းမြို့နယ် အ.ထ.က (ခွဲ) ထိန်ပင်မြောင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု၊ အ.ထ.က (ခွဲ) ထိန်ပင်မြောင်ကျောင်းတွင် လူငယ်ကဏ္ဍ မြင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်နှင့် အချင်းချင်း ပူးပေါင်းဆွေးနွေး တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။