ဇမ္ဗူသီရိမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပ 

ဇမ္ဗူသီရိ ဇန်နဝါရီ  ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌  ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော်အလံတင်ခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ နိုင်ငံတော်အလံတင်ခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ အချိန် ကျရောက်သည်နှင့်တစ်ပြိုင်နက် မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။ 

ဟိန်းသူအောင် (ပြန်/ဆက်)