သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားစုံညီပွဲတော်ကျင်းပ

သံတောင်ကြီး  ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ Grade-9 ကျောင်းသူကျောင်းသားများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုပြီး ကျောင်းအုပ်ဆရာကြီးဦးဘွယ်မူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး Grade -8 ကျောင်းသူ၊ ကျောင်းသားများက ကရင်ဒုံးယိမ်းအကဖြင့် ဖျော်ဖြေပြီး ဆရာတော်ဘိုသာက ဩဝါဒစကားပြောကြားခဲ့သည်။

ထို့နောက်အထိမ်းအမှတ်နေ့များတွင် (ထက်/လယ်အဆင့်)စာစီစာကုံး၊ ကဗျာရွတ်၊ ကဗျာရေး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသူကျောင်းသားများနှင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသူ၊ကျောင်းသားများအား ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးအတန်းလိုက် ကျောင်းသူ၊ကျောင်းသားများ၏ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

နော်နော်မူ