ပေါင်းတည် ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းသားအရန်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများကို ထောက်ပံ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပေးအပ်ကြသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်ဇော်နိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝေလွင်ဦး၊ အဖွဲ့ဝင်(၂)ဦးဦးအေးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးကြည်ထွန်းတို့နှင့်အတူ သင်တန်းသားများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား ၅၀ ဦးတို့ တက်ရောက်လေ့ကျင့်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၁ လဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သူရကြီး (ပြန်/ဆက်)