စေတုတ္တရာမြို့နယ်၌ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပလတ်စတစ်အိတ် ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို ပြည်သူများသိရှိပြီး ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေး၊ သုံးစွဲမှုပပျောက်ရေးအတွက် အသိပညာပေးခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး အင်ဖတ်များသုံးစွဲရေး အသိပညာပေးလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးဆောင်သော သက်ဆိုင်ရာပူးပေါင်းဌာနများက ယနေ့နံနက်ပိုင်းက စေတုတ္တရာမြို့မဈေးကြီးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။