မြို့သစ်မြို့နယ်တွင် စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး

မြို့သစ်  ဇန်နဝါရီ    ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ၌ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် တရားဝင်လိုင်စင်နှင့် သက်တန်းလွန် ဆေးဝါးများ၊ စပ်ဆေးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိနှင့် အခွန်ပေးဆောင်မှုရှိ/မရှိတို့ကို စစ်ဆေးပြီး စျေးဆိုင်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများနှင့် အခြေခံစားသောက်ကုန်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိသိမ်းဆည်းခဲ့သည့် စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသာက်များနှင့် သက်တမ်းကုန်မုန့်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)