လေးမျက်နှာ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ မြို့နယ်မီးသတ်စခန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်ကြီး(၄)ရပ် ကိုအကောင်အထည်ဖော်ဆောင်ရွက် ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်းမှ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင် တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ရဲမှူးတင့်ဆွေတို့မှ သင်တန်းသားများအတွက် တူညီဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများအားပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်/ကျေးများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တပ်ရောက်ခဲ့ပြီး အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ် စဉ်(၁/၂၀၂၄)ကို (၈-၁-၂၀၂၄) ရက်နေ့မှ (၂-၂-၂၀၂၄) ရက်နေ့အထိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်းအပါအဝင်(၄)ဦးတို့မှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ၍ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)