ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရေဦး ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇန်နဝါရီ ၈ ရကံနက် ၁၀ နာရီက ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ဒေသခံပြည်သူအိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့သည်။

စားအုန်းဆီများ ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများက အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဆီပိဿာချိန် ပြည့်မပြည့် တိုင်းတာစစ်ဆေးပြီးရောင်းချပေးခဲ့ကြသည်။ ထိုသို့ရောင်းချပေးရာတွင် အိမ်ထောင်စု ၅၀၀ စုအတွက် စားအုန်းဆီ တစ်ပိဿာဈေးနှုန်း ၅,၇၀၀ ကျပ်ဖြင့် ဆီပိဿာချိန် ၂၅၀ ကိုရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)