မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့်ပြိုင်ပွဲများကို ယမန်နေ့ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် ပြိုင်ပွဲများကို မြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ‌ပြောတက်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးကိုဆောင်ရွက်တက်သည့် အ‌လေ့အကျင့်ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာ‌စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများမှာ‌ မြို့ပေါ်ရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်ဆက်)