တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၉၃၄ ဧက စိုက်ပျိုးပြီးစီး

တပ်ကုန်း ဇန်နဝါရီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူအချို့ ဝင်ငွေတိုးပွားစေရန် ဆောင်းသီးနှံဖူးစားပြောင်း အားထားစိုက်ပျိုးကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဖူးစားပြောင်းသီးနှံ ၂၀၀ ဧက လျာထားစိုက်ပျိုးပြီး၊ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကပြည့်မီ စိုက်ပျိုးနိုင်ရေး နိုဝင်ဘာပထမပတ်က စတင်စိုက်ပျိုးခဲ့ကြပြီး၊ ယနေ့အထိ ဖူးစားပြောင်း သီးနှံ ၉၃၄ ဧက စိုက်ပျိုး ပြီးစီး၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအချို့ ဖူးစားပြောင်းသီးနှံကို မိုးနှင့်ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပြီး၊ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖူးစားပြောင်းသီးနှံစိုက်ပျိုး ရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းကြောင်း၊ တစ်ဧကလျှင် သီးနှံစိုက်ပျိုးစရိတ်အရင်းအနှီးမှာ ခုနှစ်သိန်းမှ ရှစ်သိန်းခန့်အထိ ကုန်ကျမှုရှိကြောင်း၊ သီးနှံဝင်ငွေအနေဖြင့် သီးနှံအထွက်နှုန်းပေါ်မူတည်ပြီး တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်း၊ ၁၉ သိန်းကျော်ခန့် အကျိုးအမြတ်ရရှိကြောင်းနှင့် ဒေသခံ တောင်သူအချို့က ဖူးစားပြောင်းသီးနှံကို နွားစာအဖြစ် အသုံးပြုရသောကြောင့် နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။

တင်စိုးလွင်