ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်း စတင်ဆောင်ရွက်
Jan 08,2024
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ Aisa Starmar Transport Intelligent Co.,Ltd နှင့် Myanma Platform တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်သည့် MPYPS + Application မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။