သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

သာကေတ ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစောသက်ဇေအောင်က စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားအားပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ကျောင်းအဆင့်) လူရည်ချွန်ထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)