တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ

တန့်ယန်း  ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ တန့်ယန်းခရိုင်ပညာရေးမှူး ဦးကြည်လွင်နှင့် တာဝန်ရှိသူက ကြီးကြပ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေတို့ကို ကျင်းပရွေးချယ်ကြရာ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့မှ Grade-12 ၌ (၄)ဦး၊ Grade-11 ၌ (၄)ဦး၊ Grade-10 ၌ (၄)ဦး၊ Grade-9 ၌ (၄)ဦး၊  စုစုပေါင်း (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)