မိုင်းဆတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်လာစေရန်၊ ဉာဏစွမ်းရည်နှင့် သင်္ချာစွမ်းရည်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)