အထက်မင်းလှ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီခင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်တွင် သရက်(ပိတောက်ပင်)-မင်းလှလမ်း(၃၃/၁-၃၃/၄)အတွင်း (၀/၃မိုင်) မူလ3.66m (၁၂')အကျယ် ကတ္တရာလမ်းအား(၁၈') အကျယ် ကတ္တရာလမ်းအဖြစ် (အလျား 0.61Km) (၀/၃မိုင်)နှင့် သရက်(ပိတောက်ပင်)-မင်းလှလမ်း 53.91 Kmနှင့် 54.71 Km(မိုင်၃၃/၄-၃၄/၀)အတွင်း (၀/၂မိုင်+၂၇၀ပေ) မူလ3.66m (၁၂')အကျယ် ကတ္တရာလမ်း (၁၈')အကျယ် ကတ္တရာလမ်းအဖြစ် တိုးချဲ့တည်ဆောက်ခြင်း (အလျား 0.484Km) (၀/၂မိုင်+၂၇၀ပေ)အား ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်းရန်ပုံငွေ ချထားပေးခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာနမှ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အတိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မိုင်(၀/၀မှ၂/၁)အတွင်း (၀/၄)မိုင်(0.8km)အား (5.49m(၁၈')အကျယ် Subgrade မြေနီ(၈") ထုခင်းခြင်း(50 -100mm)ကျောက်ဖြင့် (4.88m) (၁၆')အကျယ် သိပ်သည်းပြီး (150mm) (၆")ထု ဒုအခြေခံလွှာခင်းခြင်း၊ (75mm)ခု မြေနီကျောက်စရစ်ဖြင့် အပွန်းခံလွှာခင်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကတ္တရာလမ်းနှင့် မြေနီလမ်းခင်းကျင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများ ပိုမိုအဆင်ပြေချောမွေ့စေကာ ယာဉ်အန္တရာယ်ကင်းရှင်းမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)