ပလောက်မြို့၌ တပိုင်တနိုင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ပလောက် ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် တပိုင်တနိုင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ရေတွင်းမှရေစုပ်ယူရေတင်ပြီး ပန်းမုံလာ၊ ဆလပ်ရွက်၊ ခရမ်းချဉ်၊ ခရမ်း၊ မုံလာရွက်/ထုတ်၊ ငရုတ်၊ ဗူး၊ ဖရုံ စတဲ့ သီးနှံမျိုးစုံ စိုက်ပျိုးပါတယ်။ သီးနှံပေါ်ချိန် ဈေးကောင်းတော့ အဆင်ပြေပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်”ဟု အမှတ်(၁)ရပ်ကွက်နေ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတစ်ဦးက‌ ပြောပြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ GAP သင်တန်းဖွင့်လှစ်ခြင်း၊ မျိုးစေ့များထောက်ပံ့ပေးခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းများ လက်တွေ့ပြသခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)