ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ

ပေါက်ခေါင်း ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာမြို့မဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခန့်အချိန်က ကျင်းပသည်။

အဆိုပါ မြို့မဈေးကြီးမီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဆိုင်ခန်းများတွင် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်၊ ရေစိုစောင်များဖြင့် ဖုံးအုပ်မီးသတ်နည်းနှင့်မီးသတ်ယာဉ်ဖြင့် မြို့မဈေးမီးငြိမ်းသတ်နည်းများကို ဈေးရောင်းချသည့်ပြည်သူများအား သရုပ်ပြသဆောင်ရွက်ပေးသည်။ ယင်းသို့မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊‌ ဈေးသူဈေးသားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)