ကန်ကြီးထောင့် ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၁)နာရီအချိန် က ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ပိုက်ဆံလျှော်၊ နေကြာစိုက်ပျိုးမှုကိစ္စရပ်များ၊ မြို့မဈေးသစ်ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ပင်စင်ထုတ်သက်ကြီးရွယ်အို များအား သက်ဆိုင်ရာဌာနများမှ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြို့နယ်အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာ လှပစေရေး၊ လမ်းဘေးဝဲယာသန့်ရှင်းရေးကိစ္စရပ်များ၊ ရုံးတွင်း/ပြင်သန့်ရှင်းရေးကိစ္စရပ်များနှင့် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ အား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)