တပ်ကုန်းမြို့နယ် ဇီးကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဇီးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးမင်းဆွေက အမှာစကားပြောကြားပြီးနောက် ဇီးကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းမြင့်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအဆင့်ဘာသာရပ်ထူးချွန်ပြိုင်ပွဲ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၇၃ဦးအား လက်ထောက်မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တက်ရောက်လာသည့် ဧည်သည်များနှင့်ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေးကြောင်း သိရသည်။

တင်စိုးလွင်