ကျန်းမာရေးဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မန္တလေး ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံခြင်းကို  မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ခုတင် (၃၀၀) သင်ကြားရေး ဆေးရုံတို့တွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးကြသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့မှစတင်၍ ကျန်းမာရေးဝန်ထမ်း (၃၅၀၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer စတင်ထိုးနှံပေးမည်ဖြစ်ပြီး ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့်တာဝန်ရှိသူများက ကြည်ရှု့အားပေးကြပြီး ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အား‌ပေးကြသည်။

ကျန်းမာရေးဝန်ထမ်းများ ထိုးနှံခြင်းပြီးစီးပါက နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း၊အောင်မြေသာစံ(ပြန်/ဆက်)