ဆီဆိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ဆီဆိုင် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် နာရီက မင်္ဂလာရပ်ကွက်အတွင်းရှိ အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီနှင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချိုတူးမောင်က အမှာစကားပြောကြားသည်။ ယင်းနောက် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)