မှော်ဘီ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၃/ ၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ပညာသန္ဓေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာအခမ်းအနားတွင် မှော်ဘီမြို့နယ်ပညာရေး မှူးဒေါ်စမ်းစမ်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(သန္ဓေပင်)ကျောင်းမှ အုပ်ဆရာမကြီး ဒေါ်ညိုညိုမာက အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ ခရိုင်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ စီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အ.ထ.က (သန္ဓေပင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာနှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များကဂုဏ်ပြုဆုနှင့် ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အ.ထ.က (သန္ဓေပင်) ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြပြီး အတန်းများအလိုက်ကျင်းပခဲ့သည့် ကျောင်းသား/ ကျောင်းသူများ၏ ဈေးရောင်းပွဲကိုလည်း အားပေးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်