ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျန်းမာသန်စွမ်းပြီး နိုင်ငံအတွက်အားထားရသော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကောင်းမြတ်သူက မြန်မာနိုင်ငံတွင် စတင်အသုံးပြုခဲ့သော ယာဉ်များအကြောင်း၊ လမ်းဖြတ်ကူးသူများ၊ မော်တော်ဆိုင်ကယ်စီးသူများ၊ မော်တော်ကားမောင်းသူများနှင့် ခရီးသည်များလိုက်နာရမည့် စည်းကမ်းများအကြောင်းများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုမှ ထုတ်ပြန်ထားသည့် (၂၀၂၀)ခုနှစ် ဥပဒေအကြောင်းများ ဟောပြောခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်များနှင့် အသိပညာပေး မှတ်တမ်းဗီဒီယိုများပြသခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်စိုးသူရထွန်းက မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း လူငယ်များဆေးလိပ်မသောက်ကြရေး၊ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါအများဆုံး ဖြန့်ဖြူးလျက်ရှိသော နေရာဒေသများအကြောင်း၊ မူယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ မှုယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပါ်လာသည့်ဆိုးကျိုးများနှင့် နောက်ဆက်တွဲပါပြဿနာများအကြောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နည်းပညအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းများတက်ရောက်ခဲ့ကြပြီး အသိပညာပေးဟောပြောပွဲအပြီးတွင် အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အပြန်အလှန်မေးခွန်းများမေးမြန်းခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)