သုံးခွမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

သုံးခွ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က(၁)ကျောင်းတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲအချိန်က အ.ထ.က(၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အ.ထ.က(၁)ကျောင်းသား/သူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/သူလေးများက ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အဆင့် ဘောလုံး၊ ဘော်လီဘော၊ မီတာ ၁၀၀ အ‌ပြေးပြိုင်ပွဲတွင် အားကစားဆုရရှိသူမျာအား ဆုများ‌အသီးသီး    ပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌နောက် ကျောင်းအုပ်ဆရာကြီးဦးမြင့်သိန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)