သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

သံတောင်ကြီး ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို   မွေးကင်းစမှ အသက်(၂)နှစ်အောက်  ကလေးငယ်များအား ဆုံဆို့၊   ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)   ဦးနှောက်အမြှေးရောင်၊  ငါးမျိုးစပ်ကာကွယ်ဆေး၊  ဝက်သက်-ဂျိုက်သိုး၊   ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေးဆရာမ ဒေါ်ဆုသဇာမျိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ(ပြန်/ဆက်)