ဇလွန် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော့ကပ်ကလေးကျေးရွာ တောင်သူ ဒေါ်အေးကြိုင်၏ ငါးစပါးကန် တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ ပိုက်ဆံလျှော် စံကွက်ရိတ်သိမ်းခြင်းနှင့် ကော့ကပ်ကလေးကျေးရွာ တောင်သူဦးဇော်မင်းသူ၏ လယ်မြေကွင်း အမှတ် (၁၆၄၄)၊ ဦးပိုင် (၅/၄) တွင် နွေစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကပ်ကလေးကျေးရွာ တောင်သူ ဒေါ်အေးကြိုင်၏ ငါးစပါးကန်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံပိုက်ဆံလျှော် (၀.၁၀) ဧက စံကွက် ရိတ်သိမ်းရာတွင် တစ်ဧကလျှင် (၁၃.၂၅) တင်းနှုန်းထွက်ရှိမှုနှင့် တောင်သူဦးဇော်မင်းသူ၏ လယ်မြေကွင်းအမှတ် (၁၆၄၄) ၊ ဦးပိုင် (၅/၄) တွင် နွေစပါးမျိုးစေ့ထုတ်စိုက်ဧက (၅.၀၀)ဧက စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)