ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှု တိုးတတ်စေရန် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကျိုင်းလပ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်(၁၁)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း နမ့်ဝမ်းသို့ သွားရောက်၍ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဂျာနယ်၊ မဂ္ဂဇင်း၊ သုတစာအုပ်များနှင့် ကလေးဖတ်ရုပ်ပြစာအုပ်စာစောင်များ စုံလင်စွာပါဝင်ပြီး စာအုပ်ပေါင်း (၇၀)အုပ်ကို ယူဆောင်ကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဖတ်ရှု့လေ့လာနိုင်ရန်အတွက် (Mobile Library)စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ (Mobile Library) စနစ်ဖြင့် သွားရောက်ငှားရမ်းပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ စာအုပ်စာပေများနှင့် နီးစပ်ထိတွေ့၍ စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေးကို ရည်ရွယ်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်( ပြန်/ဆက်)