မြစ်ကြီးနား ဇန်နဝါရီ ၉
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမူထန်၊ ဦးရွှေကြိမ်းတို့နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာသံစုံတီးဝိုင်း၊ ဧည့်ကြိုသီချင်း၊ ဧည့်ကြိုအက တို့ဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမးအနားနှင့် မနောပွဲတော်အား ရိုးရာအစဉ်အလာနှင့် အညီ ကျင်းပနိုင်ရေး ကက်သလစ် အသင်းတော်မှ ဖာသာတန်ဂျီးက ကျမ်းစာပိုဒ် ဖတ်ကြား ဆုတောင်းခြင်း၊ သိက္ခာတော်ရဆရာ ဦး G ဇုန်းချန်းက ဆုတောင်းဆက်ကပ် အပ်နှံပေးကာ သီတာနှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာ ဦးမဒိန်ဇုန်းကျန်းက ကောင်းချီးပေး ကောင်းချီးပေး ဆုတောင်းခဲ့ကြပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် မနောပွဲအား စတင်ကြောင်း ကြေညာကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က မနောပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးတော်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက မနောအကဦးဆောင်သူ နောင်ရှောင် (Nau Shawng) တို့၏ ဦးဆောင်မှုနှင့်အတူ ရိုးရာအစဉ်အလာနှင့်အညီ မနောကွင်းအတွင်း မနောအကကို တစ်ပျော်တစ်ပါး စုပေါင်းဆင်နွှဲခဲ့ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ တပ်မတော်အရာရှိကြီးများက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြသထားသည့် ဌာနဆိုင်ရာပြခန်းများနှင့် ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်ပစ္စည်း ပြခန်းများကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း အရှည်ပေ (၃၂၁၂)ရှိသည့် ဧရာဝတီ မြစ်ကူး ဗလမင်းထင်အမှတ် (၂)တံတား တည်ဆောက်ရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားခဲ့သည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ သီတာရပ်ကွက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်းဝင်းအတွင်းရှိ ငြိမ်းချမ်းသာယာ ရေကူးကန်သို့ သွားရောက်ပြီး ရေကူးအမျိုးအစားအလိုက် သရုပ်ပြခြင်းနှင့် အသက်အရွယ်အလိုက် ရေကူးနည်း (၄)မျိုးဖြင့် ရေကူးပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဆုရရေကူးအားကစားသမားများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ခဲ့ကြပြီး ယဉ်ကျေးမှုပြတိုက်အတွင်း ဌာနေတိုင်းရင်းသား တို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူမှုအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ တူရိယာပစ္စည်းများ စသည့် ရှေးဟောင်း အမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် တိုးချဲ့အဆောက်အဦသစ်ဆောက်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထို့နောက် ရမ်ပူရပ်ကွက်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း (MSME) တစ်ခုဖြစ်သည့် ဂျိန်းဖော့သူရက်ကန်းရုံသို့ သွားရောက်ပြီး ကချင်ရိုးရာအဝတ်အထည်များကို စက်ရက် ကန်း၊ လက်ရက်ကန်းစင်များဖြင့် ရက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေအား မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အလားတူ MSME လုပ်ငန်းတစ်ခုဖြစ်သည့် မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ တစ်နေရာထဲတွင် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် (One Stop Service) Safe & Sure Auto Service Centre သို့ သွားရောက်ပြီး ခေတ်မီစက်ပစ္စည်းများ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့ကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်း မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်စုံဒေါင့်စုံမှ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ဆုရ (၂၂)ဦးအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက လူမှုရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်) ဆုရရှိသူ (၁၆)ဦးနှင့် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲဆုရရှိသူများ၊ စီမံခန့်ရေး ဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ဆုရသူ (၇)ဦးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဘောလုံးကွင်းအတွင်း (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒေသခံလူငယ် လူရွယ်များအတွက် ကျင်းပပြုလုပ်ပေးသည့် လက်ဝှေ့ပြိုင်ပွဲ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာ ခြင်းလုံး၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ အမျိုးသား/ အမျိုးသမီးဂိုးလတ်ဘောလုံးပြိုင်ပွဲ၊ Fitness Dance ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
ပြည်နယ်ပြန်/ဆက်