ချောင်းဆုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသု တိုးပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွှဲ (၁)နာရီက ခြံစု(အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးလုပ်ငန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးအားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းချောက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသတတိုးပွားရေး သုတ/ရသ စာပေများ ဖတ်ရှုကြရန်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများ ပြောကြားခဲ့ပြီး၊ စာအုပ်စာစောင်များပြသခြင်း၊ ကျောင်းသား/ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဇာဇာ(ပြန်/ဆက်)