ဟုမ္မလင်း ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့ အ-ထ-က(၁) ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါ သည်စုံညီပွဲတော်" တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဟုမ္မလင်းမြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/မများ၊ အင်္ဂလိပ်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးမှူး ဒေါ်သင်းသင်းနွယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ အခြေခံပညာအဆင့်၊ ကျောင်းသား/သူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက "ဘက်စုံပညာကိုရည် ဒို့လှမ်းချီ "သီချင်းသီဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)