ပြည်ကြီးတံခွန် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံပညာကျောင်းအဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ-ထ-က(၂၇) ကျောင်းရှိ အောင်တံခွန်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ-ထ-က(၂၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် အ-ထ-က(၂၇) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်သက်ဆွေက ပညာရေးစုံညီပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြပြီး အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ဘက်စုံပညာကိုရည်ဒို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြသည်။
ဆက်လက်၍ အ-ထ-က(၂၇) ကျောင်းရှိ ဆရာမများအား ခွင့်ရက်မပျက် ကျောင်းတက်ဆု၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများအား ကဏ္ဍအလိုက် ရရှိသည့် ထူးချွန်ဆုများကို ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)