တိုက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်

တိုက်ကြီး ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (/၂၀၂၄) သင်တန်းဖွင့်ပွဲကို အိုးတန်းရပ်ကွက် ရွှေဂျိုးဖြူခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး  သင်တန်းအတွက် ထောက်ပံ့ငွေများအားပေးအပ်သည်။ ဆက်လက်၍ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဌေးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူး ဦးဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(/၂၀၂၄) တွင် သင်တန်းသား (၃၀)ဦး တက်ရောက်ပြီး ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ အခြေခံအသက်ကယ်အထောက်အကူပြုစုနည်း စသည့်ဘာသာရပ်များကို ()ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)