သတင်းများ

မြို့နယ်ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် GERMANY နိုင်ငံထုတ် Pfizer covid ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေး
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အသက်(၅၀)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများအား GERMANY နိုင်ငံထုတ် Pfizer covid ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်မှစတင်၍ ဖြူးမြို့နယ်ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများပိုမိုသိရှိစေရန် ရည်ရွယ်ကျင်းပသည့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ၃၂မိုင်၊ အောင်ချမ်းသာတောင်၊ ဝိပဿီဓမ္မရိပ်သာအတွင်း တည်ထားသော ကံကူပြည့်မြတ်စွာ ဘုရား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ
Jan 15,2024
မန္တလေးတိုင်ဒေသကြီး  ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ၃၂မိုင်၊ အောင်ချမ်းသာတောင်၊ ဝိပဿီဓမ္မရိပ်သာအတွင်း တည်ထားသော ကံကူပြည့်မြတ်စွာဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဝိပဿီဓမ္မရိပ်သာ၏ ဦးစီးပဓာန နာယကကျမ်းပြု, စာဆို, ဉပဒေ ဝိဇ္ဇာဘွဲ့ရ ဂဏဝါစက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညိန္ဒမဟာထေရ် ဦးဆောင်၍ ပင့်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် နန်းတော်ဝင်စာပေတိုက် (ရန်ကုန်) တို့ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲကို ယနေ့ညနေ (၃) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ပါသည်။
မိုင်းဆတ်မြို့၌ လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး
Jan 15,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခြင်းကြောင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။