သတင်းများ

ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် (၃၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ
Jan 15,2024
ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၏ (၃၇)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို မြို့မရပ်ကွက် သက်ကြီးဘိုးဘွားများ ပူဇော်ရေးကော်မတီက ကြီးမှူးကာ ရပ်ကွက်၏ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မာဃသဟာယအဖွဲ့၊  မင်္ဂလာမောင်မယ်လူမှုရေးအဖွဲ့ဝင်များတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့မပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့ အ.ထ.က(ပေါက်ခေါင်း)၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေရတု)ခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာ‌ရေးမှူးနှင့်အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်အားပေးချီးမြှင့်သည်။
မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂)နာရီခွဲက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး ကစားနည်း(၉)မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွ​င်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ
Jan 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ဥာဏ်ရည်၊ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးတက်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်နှင့်ပုံပြော၊ ကဗျာရွတ်ပွဲများကိုဇန်နဝါရီ (၁၅) ရက်နေ့၊ နေလည် (၁) နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအ‌ဝေးခန်းမ၌ ရပ်ကွက်‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Jan 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံတွင် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 15,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။