တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများပိုမိုသိရှိစေရန် ရည်ရွယ်ကျင်းပသည့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅၀ဦးတက်ရောက်ပြီး၊ ရွှေမြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းသိန်းက ပြစ်မှုကျူးလွန်ပါက ပြစ်ဒဏ်ခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပြစ်မှုမကျူးလွန်အောင် ဆောင်ရန်၊ ရှောင်ရန်များအား ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား‌ကြောင်း သိရသည်။

တင်စိုးလွင်