သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တီဘီရောဂါရှာဖွေကုသခြင်း ကွင်းဆင်းဆောင်ရွက်
Jun 23,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နေပြည်တော်တိုင်း တီဘီရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းတီဘီရောဂါရှာဖွေကုသခြင်း (Mobile TB Clinic) လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ လူကုန်ကူးမှု ပပျောက်ရေးတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို နံနက် ၉ နာရီအချိန်က ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ စက်ဖြင့် စပါးအခြောက် မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jun 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု တောင်သူ ဦးထွန်းဝေ၏ လယ်မြေကွင်းအမှတ်၁၈၇၈၊ ဦးပိုင်အမှတ် (၁/၁) ရှိ လယ်မြေ (၁၅) ဧကတွင် စက်ဖြင့် စပါးအခြောက်မျိုးစေ့ချ စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈နာရီက ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နေဗီယာမြက်စိုက်ပျိုးပွဲကို ဟဂ္ဂရော်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာတွင် ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် အငြိမ်းစားဝန်ထမ်း (၂၁၄) ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jun 23,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။
ကြံခင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန် များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်၊ ဈေးတာဝန်ခံရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် တိရစ္ဆာန်အစာပင်စိုက်ပျိုး
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ညောင်ပင်စျေးရပ်ကွက် သံလွင်ကွင်းရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ဇေယျ၏ အစ္စရေးမြက်ချို စိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။
မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော်ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူးကုဆရာဝန်များ (နယ်လှည့်ဆေးကုအဖွဲ့)မှ လေဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြေားကြား
Jun 22,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူကုဆရာဝန်များ (နယ်လှည့်ဆေးကုသရေးအဖွဲ့)မှ မြေပုံမြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ လေဘေးသင့် ပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုများကို ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။