သတင်းများ

ပုသိမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ
Jan 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။
မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကောရှီ(ခေါ်) တင်းကောသီးမှ စားသုံးဆီများထုတ်ယူရရှိ
Jan 16,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသထွက်သီးနှံတစ်ခုဖြစ်သော နန်ကောရှီးခေါ်တင်းကောသီးမှ စားသုံးဆီများ တစ်ပိုင်တစ်နိုင် ထုတ်ယူလျက်ရှိသည်။ တင်းကောသီးသည် မချမ်းဘောမြို့နယ်အတွင်းရှိ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်တတ်ပြီး အချို့ကလည်းတောင်ယာခြံစည်းရိုးများ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြသော အပင်မှရရှိခြင်းဖြစ်ကာ ၄င်းအပင်သည် ထန်းပင်၊ပေပင်တို့နှင့် အလားသဏ္ဍာန်တူပြီး စတင်စိုက်ပျိုးချိန်မှ နှစ်ပေါင်း ၁၀ ကျော်ကာလသို့ ရောက်ရှိချိန်မှသာ အသီးများစတင်သီးလာပြီး နှစ်ရှည်သီးပင် အမျိုးအစားဖြစ်ကြောင်း သိရသည်။ တင်းကောသီးများသည် နိုဝင်ဘာလတွင် စတင်ရင့်မှည့်ပြီး အသီးများရင့်မှည့်လာချိန်တွင် အပြင်ဘက်ပိုင်းမှာ မင်းကွတ်သီးအရောင်နှင့်တူပြီး အတွင်းသားမှာ အဝါရောင်ဖြစ်လာကာ ဒေသခံများက ရေနွေးနှင့် အနည်းငယ်ပြုတ်၍ အတွင်းသားကိုခြစ်ကာ ငရုတ်သီးထောင်း၍ သော်လည်းကောင်း သရေစာအဖြစ်သော်လည်းကောင်း တစ်နေလှန်းပြီး ကောက်ညှင်းပေါင်းများဖြင့် နယ်၍လည်းကောင်းစားကြပြီး အရသာမှာ ဆိမ့်ကာဆီထွက်သော အစားအစာတစ်မျိုး လည်းဖြစ်ပါသည်။
သာပေါင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိ
Jan 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှစတင်၍ ပြင်ပကျန်းမာရေးဌာနတွင် စောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျှက်ရှိသည်။
ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jan 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ ဓနုဖြူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) သို့တက်ရောက်
Jan 16,2024
မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 16,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေရိုင်၊ ချမ်းအေးသာစံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က လမ်း ၈၀၊ ၃၂ × ၃၃ လမ်းကြားရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ပန်းပျိုးတစ်ရာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်ရေးရာအသိပညာ​ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။