သံဖြူဇရပ် ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခြင်းကြောင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ(Pfizer-VCV) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၅၀)နှစ်အထက်ရောဂါအခံရှိသူများ၊ အသက်(၅၀)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်ပြည်သူများ၊ အသက်(၁၈)နှစ်အထက် နာတာရှည်လူနာများ၊ (၃)လအထက်ကိုယ်ဝန်ဆောင်များ စုစုပေါင်း(၅၈၈)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)