ပြင်ဦးလွင် ဇန်နဝါရီ ၁၅
မန္တလေးတိုင်ဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ၃၂မိုင်၊ အောင်ချမ်းသာတောင်၊ ဝိပဿီဓမ္မရိပ်သာအတွင်း တည်ထားသော ကံကူပြည့်မြတ်စွာဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဝိပဿီဓမ္မရိပ်သာ၏ ဦးစီးပဓာန နာယကကျမ်းပြု, စာဆို, ဉပဒေ ဝိဇ္ဇာဘွဲ့ရ ဂဏဝါစက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညိန္ဒမဟာထေရ် ဦးဆောင်၍ ပင့်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ပြင်ဦးလွင်မြို့နယ်ရှိ ကျောင်းပေါင်း (၃၁၃) ကျောင်းမှ ဆရာတော်ကြီး (၃၁၃)ပါး၊ သီးခြားဆရာတော်ကြီး (၁၃၇)ပါး စုစုပေါင်းပင့်သံဃာ(၄၅၀)ပါး ကြွရောက်ချီးမြှင့် အလှူတော်ခံပြီး သံဃာတော်(၁)ပါးလျှင် သင်္ကန်းဒွိစုံ(၁)စုံစီ၊ န၀ကမ္မ၀တ္ထုကျပ်ငွေ (၁)သိန်းစီ၊ ဆွမ်း ဟင်းလျာအစုံနှင့် ငါးဆင့်ချိုင့်(၁)လုံးစီတို့ကို ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
ဝိပဿီဓမ္မရိပ်သာအတွင်း တည်ထားကိုးကွယ်ထားသော ကံကူပြည့်မြတ်စွာဘုရား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ပြာသိုလ်လဆန်း(၅)ရက်မှ ပြာသိုလ်လပြည့်နေ့အထိ (၁၁) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး (ခရိုင်/ပြန်ဆက်)