သတင်းများ

ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်လှစ်
Jan 16,2024
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံ ထုတ်လုပ်မှုသင်တန်း ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၁)ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပ
Jan 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်တရားဒေသ၌ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ကော်ဖီစိုက်ပျိုးမှုကို စိတ်ဝင်စားလာ
Jan 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ကော်ဖီစိုက်ပျိုးခြင်းကို စိတ်ဝင်စားလာကြကြောင်း ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ ၁၂၀ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jan 16,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
နတ်မောက်မြို့နယ်၌ တစ်နိုင်တစ်ပိုင်မြေပဲဆီနှင့် နှမ်းဆီကြိတ်ခွဲခြင်းဖြင့် မိသားစုလုပ်ငန်း အဆင်ပြေလျက်ရှိ
Jan 16,2024
မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ်၌ ဒေသခံတောင်သူများမှာ (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာများ အားထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများတွင် မြေပဲနှင့် နှမ်းကိုသာ ဝယ်ယူ၍ ဆီကြိတ်ခွဲရောင်းချသည့်အတွက် ဈေးကောင်းရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Jan 16,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
နမ့်စန်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။