ကလော ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ခရိုင်ပညာရေးမှူး ဒေါ်မြလင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် အောင်ချက်မြှင့်မားသည့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သည့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့် ကလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များတွင် အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်တွင် လူရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကလောခရိုင် ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)