ပုသိမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

ပုသိမ် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။

ပုသိမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆေးမှတ်တမ်းစာအုပ်များပြုလုပ်ပေးကာ ဆီးချို၊သွေးချိုစစ်ပေးခြင်း၊သွေးတိုးရှိ/မရှိနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာစစ်ဆေးခြင်းများကိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု များကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)