သာပေါင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိ

သာပေါင်း ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှစတင်၍ ပြင်ပကျန်းမာရေးဌာနတွင် စောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျှက်ရှိသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးကြရာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆေးမှတ်တမ်းစာအုပ်များပြုလုပ်ပေးပြီး ဆီးချို၊သွေးချိုစစ်ပေးခြင်း၊ သွေးတိုးရှိ၊ မရှိနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာ စစ်ဆေးခြင်းများကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမီမီခိုင်နှင့်ဆရာမများက ရောဂါစစ်ဆေး ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဖေးမကူညီ စောင့်ရှောက်အားပေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အပတ်စဉ်) ဗုဒ္ဓဟူးနေ့နှင့် အငြိမ်းစားပင်စင်လစာငွေထုတ်ရက်ဖြစ်သော လစဉ် (၂၁) ရက်နေ့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ပြင်ပဆေးကုသရေးဌာနတွင် ဆေးဝါးများအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)